၃.၃.၇

လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာဖော်ပြမှု (SOGIE) လူနည်းစုများအတွက် လူ့အခွင့်အရေး ဥပဒေများ

အကြိုလေ့လာချက်

SOGIEလူနည်းစုများအတွက် မည်သို့သော အထူးအခွင့်အရေးမျိုး လိုအပ်မည်နည်း။

SOGIE လူနည်းစုများနှင့်သက်ဆိုင်သည့် ကုလသမဂ္ဂ ကြေညာစာတမ်း သို့မဟုတ် သဘောတူစာချုပ် မရှိသေးပါ။ သို့သော်လည်း UNGA နှင့် UNHRဃ တို့သည် SOGIE လူနည်းစုများနှင့် ၎င်းတို့၏ အခွင့်အရေးများနှင့် သက်ဆိုင်သည့် ဆောင်ရွက်ချက်များကို အတည်ပြုလက်ခံကျင့်သုံးခဲ့သည်။ ဤအရာများကို ဥံဃျွံ ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်။ ဆုံးဖြတ်ချက်တစ်ရပ်တွင် လိင်စိတ်တိမ်းညွတ်မှုနှင့် လိင်ဝိသေသခံယူမှုတို့အပေါ် အခြေပြု၍ အကြမ်းဖက်ခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို အကာအကွယ်ပေးရန်နှင့် စပ်လျဉ်းသော တစ်သီးတစ်သန့် ရပ်တည်ချက်တစ်ခုကို ဖော်ထုတ်ထားသည်။

SOGIE လူနည်းစုများနှင့် သက်ဆိုင်သည့် အခြေခံမူနှစ်စုံရှိပါသည်။ အဆိုပါ အခြေခံမူများနှင့် ၎င်းတို့၏ အရေးပါသော စည်းမျဉ်းအချို့ကို အောက်တွင်ဖော်ပြထားပါသည်။

ယိုဂျာကာတာ အခြေခံမူများ (၂၀၀၆)

ယိုဂျာကာတာ အခြေခံမူများကို ၂၀၀၆ ခုနှစ်တွင် အင်ဒိုနီးရှားနိုင်ငံ၏ ယိုဂျာကာတာမြို့တွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကျွမ်းကျင်ပညာရှင်များက ရေးဆွဲဖန်တီးခဲ့ပါသည်။ အခြေခံမူများသာ ဖြစ်သဖြင့် ၎င်းတို့အား မြန်မာနိုင်ငံအနေဖြင့် ဥပဒေအရ စည်းနှောင်မှုရှိရန် မလိုအပ်ပါ။ SOGIE လူနည်းစုများနှင့် သက်ဆိုင်သည့် အခြေခံမူအချို့မှာ -

  • အခြေခံမူ ၂၊ ၄ နှင့် ၆ - လိင်ဆက်ဆံရန် အသက်ပြည့်ပြီးသော လိင်တူချစ်သူများနှင့် အလိုတူလိင်ဆက်ဆံမှုပြုရာတွင် ပြစ်ဒဏ်ချမှတ်ခြင်း ကင်းလွတ်ခွင့်၊ အလိုမတူဘဲ လူသိရှင်ကြား လျှို့ဝှက်ချက်ဖော်ထုတ်မှုဖြစ်စေ၊ မိမိ၏ လိင်စိတ်တိမ်းညွတ်မှု (သို့) လိင်ဝိသေသခံယူမှုနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကို လူသိရှင်ကြား ဖော်ထုတ်ရန် ခြိမ်းခြောက်မှုတို့မှ အကာအကွယ်ပေးခံရပိုင်ခွင့်။
  • အခြေခံမူ ၃ - မည်သူမည်ဝါဖြစ်ကြောင်း တရားဝင်သက်သေခံ စာရွက်စာတမ်းများတွင် မိမိ၏ လိင်ဝိသေသအား ကိုယ်တိုင်ရွေးချယ်ခွင့်နှင့် မိမိ၏ လိင်ဝိသေသအား ဖိအားပေး ဆေးဝါးကုသမှုခံယူခြင်း အလျဉ်းမပြုခိုင်းဘဲ တရားဝင်အသိအမှတ်ပြုခြင်း ရပိုင်ခွင့်။
  • အခြေခံမူ ၅၊ ၁၀ နှင့် ၁၈ - အကြမ်းဖက်မှု၊ ရုပ်ခန္ဓာပိုင်းတွင် ဘေးဖြစ်စေမှုနှင့် ထိပါးနှောင့်ယှက်မှုတို့မှ အကာအကွယ်ပေးခံရပိုင်ခွင့်။ ညှဉ်းပန်းနှိပ်စက်ခြင်း (သို့) ရက်စက်ခြင်း၊ လူမဆန်ခြင်း (သို့) လူ့သိက္ခာညှိုးနွမ်းအောင် ပြုမူခြင်း (သို့) အပြစ်ပေးခြင်းတို့မှ ကင်းလွတ်ခွင့်နှင့် ဆေးဘက်ဆိုင်ရာတွင် အလွဲသုံးစားပြုခြင်းတို့မှ အကာအကွယ်ပေးရန်။
  • အခြေခံမူ ၇ - ကြုံသလို ဖမ်းဆီးခြင်းနှင့် အကျဉ်းချခြင်းတို့မှ ကင်းလွတ်ခွင့်။
  • အခြေခံမူ ၈ နှင့် ၉ - အချုပ်ခန်းတွင် သို့မဟုတ် အကျဉ်းထောင်တွင်း ရှိနေစဉ်တွင် တရားမျှတသော ခုံရုံးတင် စီရင်စစ်ဆေးခြင်းနှင့် လူသားဆန်သော ဆက်ဆံမှု ရပိုင်ခွင့်။
  • အခြေခံမူ ၁၁ - ခေါင်းပုံဖြတ်ခြင်း၊ လူအရောင်းအဝယ်လုပ်ခြင်းနှင့် လူကုန်ကူးခြင်းတို့မှ အကာအကွယ်ပေးရန်။
  • အခြေခံမူ ၁၅ - နေစရာအိမ်နှင့် အဆောက်အဦးသာမက အိမ်ယာမဲ့ဖြစ်မည့် အလားအလာများကို ကိုင်တွယ်ဖြေရှင်းရန် ရည်ရွယ်သည့် လူမှုရေး အစီအစဉ်များပါရပိုင်ခွင့်။
  • အခြေခံမူ ၁၇ - လိင်ပိုင်းဆိုင်ရာနှင့် မျိုးဆက်ပွားကျန်းမာရေးတို့ အပါအဝင် ကျန်းမာရေးစောင့်ရှောက်မှု ရပိုင်ခွင့်။
  • အခြေခံမူ ၁၉ - လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုပိုင်ခွင့်။ လွတ်လပ်စွာ ဟောပြောခွင့်၊ ဝတ်ဆင်ခွင့်နှင့် အမည်နာမ ရွေးချယ်ပိုင်ခွင့်တို့လည်း ပါဝင်သည်။
  • အခြေခံမူ ၂၃ - ခိုလှုံခွင့် ရှာဖွေခံစားပိုင်ခွင့်အပြင် မိမိ၏ လိင်စိတ်တိမ်းညွတ်မှု သို့မဟုတ် လိင်ဝိသေသခံယူမှုတို့ကြောင့် ညှဉ်းပန်းနှိပ်စက်ခံရမည့် နေရာမျိုးကို ပို့ဆောင်ခြင်းမှ အကာအကွယ်ပေးရန်။
  • အခြေခံမူ ၂၄ - လွတ်လပ်စွာ လက်ထပ်ထိမ်းမြားခွင့် သို့မဟုတ် လက်တွဲဖော်အဖြစ် မှတ်ပုံတင်နိုင်ခွင့်နှင့် သားသမီးရယူနိုင်ခွင့်။
  • အခြေခံမူ ၂၅ - စစ်တပ်နှင့် ရဲဌာနတွင် တာဝန်ထမ်းဆောင်ခြင်းမျိုး အပါအဝင် အစိုးရလုပ်ငန်းတွင် ပါဝင်တာဝန်ထမ်းဆောင်ပိုင်ခွင့်။

ယိုဂျာကာတာ အခြေခံမူ Plus 10 (2017)

၂၀၁၇ ခုနှစ်တွင် ရှိပြီးသား အခြေခံမူ ၂၉ ချက်တွင် နိုင်ငံ့တာဝန်ဝတ္တရား ၁၁၁ ခုနှင့် စည်းမျဉ်းကိုးခုတို့ ထပ်မံဖြည့်စွက်ခြင်းဖြင့် ယိုဂျာကာတာ အခြေခံမူများကို ပြင်ဆင်ခဲ့ပါသည်။ မြန်မာနိုင်ငံအတွင်း၌ ယင်းစည်းမျဉ်းများသည် ဥပဒေအရ ချည်နှောင်မှု မရှိပေ။ SOGIE လူနည်းစုများနှင့် သက်ဆိုင်သည့် အခြေခံမူအချို့မှာ - 

  • အခြေခံမူ ၃၀ - အစိုးရနှင့် အစိုးရမဟုတ်သူများမှ အကြမ်းဖက်ခြင်း၊ ဘေးပြုခြင်းနှင့် ခွဲခြားဆက်ဆံခြင်းတို့ကို အစိုးရ အကာအကွယ်ပေးရန်။
  • အခြေခံမူ ၃၁ - တရားဝင်စာရွက်စာတမ်းများနှင့် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံ အထောက်အထားများကို ကိုယ်တိုင်ရွေးချယ်ပြီး ရယူပိုင်ခွင့်နှင့် မိမိ၏ လိင်ဝိသေသခံယူမှုနှင့် ပတ်သက်သည့် ကိုယ်ရေးကိုယ်တာအချက်အလက်များကို ပြောင်းလဲပိုင်ခွင့်။
  • အခြေခံမူ ၃၂ - လိင်ဝိသေသပင်ကိုယ်လက္ခဏာများကို ပြောင်းလဲရန် ဖိအားပေးလုပ်ဆောင်သည့် ဆေးဘက်ဆိုင်ရာ လုပ်ငန်းစဉ်များမှ ကင်းလွတ်ခွင့်နှင့် အဆိုပါ လုပ်ငန်းစဉ်များတွင် ဖိအားပေးခံခဲ့ရသူများအတွက် ဆွေးနွေးလမ်းညွှန်မှု ရပိုင်ခွင့်။
  • အခြေခံမူ ၃၃ - လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာ ဖော်ပြမှုတို့ကို အခြေပြု၍ ရာဇဝတ်မှုမြောက်စေခြင်းမှ ကင်းလွတ်ခွင့်။
  • အခြေခံမူ ၃၄ - လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသခံယူမှုနှင့် လိင်ဝိသေသလက္ခဏာ ဖော်ပြမှုတို့နှင့် စပ်လျဉ်း၍ နွမ်းပါးမှုနှင့် လူမှုရေးရာဖယ်ထုတ်ခံရခြင်းတို့အား ကိုင်တွယ်ဖြေရှင်းရန် ကြိုးပမ်းနေသော အစိုးရ၏ စီမံဆောင်ရွက်ချက်များတွင် ပါဝင်လှုပ်ရှားခွင့်။
  • အခြေခံမူ ၃၅ - အများပြည်သူသုံး သန့်စင်ခန်းများကို ခွဲခြားဆက်ဆံခြင်း မခံရဘဲ ဂုဏ်သိက္ခာဖြင့် အသုံးပြုနိုင်ခွင့်။
  • အခြေခံမူ ၃၆ - သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများကို လုံခြုံရေးနှင့် ပုဂ္ဂိုလ်ရေးလုံခြုံမှုတို့ဖြင့် အသုံးပြုနိုင်ခွင့်။
  • အခြေခံမူ ၃၇ - SOGIEအသိုက်အဝန်းမှ လူပုဂ္ဂိုလ်တစ်ဦးကိုသာမက SOGIE အသိုက်အဝန်းကိုပါ အကြမ်းဖက်ခြင်းနှင့် စပ်လျဉ်း၍ သိပိုင်ခွင့်အပြင် ထိုသို့အကြမ်းဖက်ခံရသူများကို ကုစားမှုခံယူပိုင်ခွင့်နှင့် ပံ့ပိုးနိုင်ခွင့်။
  • အခြေခံမူ ၃၈ - ယဉ်ကျေးမှု ကွဲပြားစုံလင်မှုကို ဖော်ထုတ်ပြသပိုင်ခွင့်နှင့် ယဉ်ကျေးမှု ကွဲပြားစုံလင်မှုအား ရန်ပုံငွေပေးခြင်းနှင့် အခြားရင်းမြစ်များမှတစ်ဆင့် ထောက်ပံ့နိုင်ခွ

 

မြန်မာ့ရေးရာ - 

SOGIE လူနည်းစုများအား လူအများ သိရှိလက်ခံလာအောင် ဆောင်ရွက်ခြင်း


၂၀၁၇ ခုနှစ်သည် မြန်မာနိုင်ငံတွင် အပြည်ပြည်ဆိုင်ရာ လိင်တူချင်း ချစ်ခြင်းနှင့် ဆန့်ကျင်ဘက်လိင်ကဲ့သို့ ပြုမူနေထိုင်ခြင်းများ မုန်းတီးခြင်းကို ဆန့်ကျင်သောနေ့ (IDAHOBIT) အား ပထမဆုံး ကျင်းပသောနှစ် ဖြစ်ပါသည်။

''ဒီမှာရှိတဲ့ LGBT တွေကို ပြည်သူတွေ သတိထားမိအောင် လုပ်ဖို့လိုတယ်'' ဟု Equality Myanmar ၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းမှ ပြောကြားခဲ့ပါသည်။ ''လူတွေက လူ့အခွင့်အရေးဆိုတဲ့ အယူအဆကို လက်ခံကြပေမဲ့ LGBT အခွင့်အရေးတွေကိုတော့ လက်မခံချင်ကြဘူး။ သူတို့ပြောတာကတော့ မြန်မာနိုင်ငံအနေနဲ့ LGBT အခွင့်အရေးတွေကို လက်ခံဖို့ အရမ်းစောနေပါသေးတယ်ပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း လူသားတွေပါ၊ ကျွန်တော်တို့လည်း အတူတူပါပဲ။''

၂၀၁၉ ခုနှစ်တွင် ရန်ကုန်အခြေစိုက်အဖွဲ့အစည်း &PROUD သည် နှစ်စဉ်ကျင်းပနေကျ နှစ်ရက်တာ SOGIE ပွဲတော်ကို ငါးကြိမ်မြောက် ကျင်းပခဲ့ပြီး ပွဲတက်ရောက်သူ ၄,၀၀၀ ကျော်ခဲ့ပါသည်။ အဆိုပါ ပွဲတော်အား ရန်ကုန်ရှိ တာဝန်ရှိပုဂ္ဂိုလ်များက ပြည်သူ့ပန်းခြံများတွင် နှစ်နှစ်ဆက်တိုက် ကျင်းပခွင့်ပြုခဲ့သည်။ ''ကျွန်တော်တို့ ဒါကိုစခဲ့တာက ရန်ကုန်မှာ လူရှေ့ထွက်ရဲတဲ့ LGBT တွေ အရမ်းနည်းနေသေးတာကြောင့် LGBT အသိုက်အမြုံကို အတူစုစည်းပေးနိုင်မယ့် LGBT ယဉ်ကျေးမှုအတွက် တစ်ခုခု လုပ်ပေးချင်လို့ပါ'' ဟု &PROUD ၏ ပြောရေးဆိုခွင့်ရှိသူ Jan Willem van Rooij မှ ပြောကြားခဲ့သည်။ ''ဒါက အဓိကရည်ရွယ်ချက်ပဲ။ ကျွန်တော်တို့ပွဲတော်ကို မြန်မာ့လူ့အဖွဲ့အစည်းမှာရှိတဲ့ လူတိုင်း ဒီက LGBT အသိုင်းအဝိုင်းရဲ့ လက်ရှိအခြေအနေကို လေ့လာဖို့အတွက် လာရောက်နိုင်တယ်။''

၂၀၁၈ ခုနှစ် &PROUD ပွဲတော်တွင် ပြသခဲ့သော A Simple Love Story ဆိုသည့် ရုပ်ရှင်ဇာတ်လမ်းလေးကို ရိုက်ကူးသူ နှင်းဖြူဖြူစိုးက ''ဒီနှစ်တွေထဲမှာတော့ မြန်မာနိုင်ငံမှာ ပြောင်းလဲမှုတွေ တော်တော်မြင်ခဲ့ရပြီ။ ကျွန်မတို့အတွက် အကြီးမားဆုံးပြောင်းလဲမှုတစ်ခုက ပွဲတော်ကို ပြည်သူတွေ သွားလာလှုပ်ရှားတဲ့နေရာတွေမှာ ကျင်းပခွင့်ရတာပါ'' ဟု ပြောကြားခဲ့ပါသည်။

IDAHOBIT အတွက် ၂၀၁၉ ခုနှစ်၊ မေလ ၁၇ ရက်နေ့တွင် MCRB နှင့် မြန်မာအဖွဲ့အစည်းတစ်ခုဖြစ်သည့် Colors Rainbow တို့မှ နိုင်ငံတွင်းရှိ ကုမ္ပဏီများကို SOGIE အသိုင်းအဝိုင်းအား ထောက်ပံ့ရန်နှင့် SOGIE လူနည်းစုအခွင့်အရေးများအတွက် ရပ်တည်ပေးရန် သက်တံ့ရောင်အလံများ လွှင့်ထူခြင်းဖြင့် ပူးပေါင်း၍ တိုက်တွန်းခဲ့ကြသည်။ စီးပွားရေးလုပ်ငန်း ၁၅ ခုကျော်သည် တိုက်တွန်းမှုအတိုင်း လုပ်ဆောင်ခဲ့ကြပါသည်။

 

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

မြန်မာနိုင်ငံရှိ LGBT အသိုင်းအဝိုင်း၏ အခွင့်အရေးများကို လူထုဆိုင်ရာပွဲများဖြစ်သော &PROUD မှ ကြီးမှူးကျင်းပသည့် ပွဲများမှတစ်ဆင့် မည်သို့ အားကောင်းလာအောင် ဆောင်ရွက်နိုင်မည်နည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ