အခန်း (1)

လူနည်းစုများ

နိဒါန်း

လူတိုင်း၏ အသွင်အပြင်ကို ၎င်းတို့ ခံယူထားသည့် ပင်ကိုယ်စရိုက်လက္ခဏာမှ ပုံဖော်ပေးပါသည်။ လူသားများတွင် သူတို့၏ ကိုယ်ပိုင်သွင်ပြင်လက္ခဏာများ ရှိသကဲ့သို့ လူ့အဖွဲ့အစည်းအတွင်း၌ တူညီသော သွင်ပြင်လက္ခဏာရှိ သူများ ပေါင်းစည်းထားသည့် လူမျိုးစုများလည်း ဖြစ်တည်လာကြသည်။ အချို့လူများသည် လူ့အဖွဲ့အစည်း အတွင်းရှိ လူများစုတွင် ပါဝင်သည်ဟု သတ်မှတ်ခံကြရပြီး၊ အချို့မှာမူ လူနည်းစုတွင် ပါဝင်သည်ဟု သတ်မှတ်ခံကြရပါသည်။ ဤအခန်းတွင် တစ်ဦးတစ်ယောက်ချင်းစီအနေနှင့်သာမက လူ့အဖွဲ့အစည်းတစ်ခုလုံး အနေဖြင့်လည်း လူနည်းစုများအပေါ်တွင် လေးစားသမှု​ထားရှိခြင်း၏ အရေးပါပုံကို ဖော်ပြထားပါသည်။ လူမှုအသိုက်အဝန်း သို့မဟုတ် လူ့အဖွဲ့အစည်းအတွင်း ရပ်တည်နေကြသည့် အရေးပါပြီး အများဆုံးတွေ့ရလေ့ရှိသည့် လူနည်းစုအချို့အကြောင်းကိုလည်း ဤအခန်းတွင် ဖော်ပြပါရှိ​ပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ

ဗဟုသုတ

ဤအခန်းပြီးဆုံးသွားသည့်အခါတွင် အောက်ပါအကြောင်းအရာတို့ကို သင်တန်းသူ^သားများ သိရှိ​နားလည်လာလိမ့်မည် -

  • လူသားများ ၎င်းတို့၏ ပင်ကိုယ်​စရိုက်လက္ခဏာများကို ပုံဖော်​ဖန်တီးကြပုံ။
  • လူများစုနှင့် လူနည်းစုတို့အကြား ကွာခြားပုံ။
  • အထူးအခွင့်အရေးနှင့် အာဏာရှိမှု​တို့အကြား ဆက်စပ်နေပုံ။
  • လူမှုတရားမျှတမှု အစိတ်အပိုင်းများ။
  • လူနည်းစုအချို့အပေါ် အဓိပ္ပာယ်​သတ်မှတ်ချက်များ။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ

ကျွမ်းကျင်မှု စွမ်းရည်များ

ဤအခန်းပြီးဆုံးသွားသည့်အခါတွင် သင်တန်းသူ/သားများသည် အောက်ပါ​အကြောင်းအရာတို့ကို လုပ်ဆောင်လာ​နိုင်မည် -

  • မတူညီသော ပင်ကိုယ်စရိုက် လက္ခဏာအမျိုးအစားများကို ခွဲခြားသိမြင်နိုင်ခြင်းနှင့် စိစစ်သုံးသပ်နိုင်ခြင်း။
  • လူနည်းစုများ၏ အဓိပ္ပာယ်​သတ်မှတ်ချက်အမျိုးမျိုးကို ဖော်ပြနိုင်ခြင်း။
  • တိုင်းရင်းသား၏ အယူအဆကို စိစစ်သုံးသပ်နိုင်ခြင်း။
  • နိုင်ငံမဲ့ခြင်း အမျိုးအစားနှစ်ခု​အကြား ခွဲခြားသိမြင်နိုင်ခြင်း။
  • မသန်စွမ်းတို့၏ ဆေးဘက်ဆိုင်ရာ​နှင့် လူနေမှုပုံစံများအား နှိုင်းယှဉ်နိုင်ခြင်း။
  • လိင်စိတ်တိမ်းညွတ်မှု၊ လိင်ဝိသေသ​ခံယူမှုနှင့် လိင်ဝိသေသလက္ခဏာ​ဖော်ပြမှု (SOGIE) လူနည်းစုဝင်များ​အား ရည်ညွှန်းကိုးကားရာတွင် သင့်လျော်မှန်ကန်သော ပညာရပ်​ဝေါဟာရကို အသုံးပြုနိုင်ခြင်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ

စံတန်ဖိုးများ

ဤအခန်းပြီးဆုံးသွားသည့်အခါတွင် သင်တန်းသူ^သားများသည် အောက်ပါ​အချက်များနှင့် ဆက်စပ်ပြီး ပြန်လည်​တွေးခေါ်စဉ်းစားတတ်လာမည် 

  • သင်၏ ကိုယ်ပိုင်ပင်ကိုယ်စရိုက် လက္ခဏာများ။
  • အခြားသူတို့၏ ပင်ကိုယ်စရိုက် လက္ခဏာများ။
  • မိမိကိုယ်ကို သတ်မှတ်ဖော်ပြ ခံယူချက်၏ အရေးပါပုံ။
  • အထူးအခွင့်အရေးနှင့် စပ်လျဉ်း၍ သင်၏အတွေ့အကြုံ။
  • မြန်မာနိုင်ငံရှိ လူနည်းစုများ​အကြောင်း။
  • အာဏာ၊ အထူးအခွင့်အရေး၊ သတ်မှတ်လူနည်းစုများနှင့် ဆက်စပ်နေသော မှားယွင်းသည့်​အမြင်များနှင့် ယုံတမ်းစကားအချို့။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ