၆.၄

လူနည်းစု အခွင့်အရေးများနှင့် ဆက်နွယ်သည့် အခြားသော နိုင်ငံ့ဥပဒေများ

အောက်ပါ နိုင်ငံ့ဥပဒေများ၊ မူဝါဒများနှင့် စည်းမျဉ်းများသည် ဤစာအုပ်တွင် ပါဝင်သည့် လူနည်းစုဝင်များအပေါ် သက်ရောက်မှုရှိနိုင်သည် -

တိုင်းရင်းသားနှင့် ဌာနေတိုင်းရင်းသား လူနည်းစုများ -

  • ဇီ၀မျိုးစုံမျိုးကွဲနှင့် သဘာ၀ထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ (၂၀၁၈ ခုနှစ်)
  • အမျိုးသား မြေအသုံးချမှု မူဝါဒ (၂၀၁၆ ခုနှစ်)
  • ပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ (၂၀၁၂ ခုနှစ်) နှင့် ၎င်း၏ စည်းမျဉ်းများ (၂၀၁၄ ခုနှစ်)
  • မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးဥပဒေ (၂၀၁၂၊ ၂၀၁၈ ခုနှစ်တွင် ပြင်ဆင်ခဲ့) နှင့် ၎င်း၏ စည်းမျဉ်းများ (၂၀၁၈ ခုနှစ်)
  • လယ်ယာမြေဥပဒေ (၂၀၁၂) နှင့် ၎င်း၏ စည်းမျဉ်းများ (၂၀၁၂ ခုနှစ်)
  • သစ်တောမူဝါဒ (၁၉၉၅ ခုနှစ်)
  • တောရိုင်းတိရစ္ဆာနှင့် သဘာ၀အပင်များ ကာကွယ်ရေးနှင့် သဘာ၀နယ်မြေများ ထိန်းသိမ်းရေးဥပဒေ (၁၉၉၄ ခုနှစ်)
  • သစ်တောဥပဒေ (၁၉၉၂ ခုနှစ်)
  • မြေသိမ်းဆည်းခြင်း အက်ဥပဒေ (၁၈၉၄ ခုနှစ်)
  • မြန်မာနိုင်ငံအထက်ပိုင်း မြေယာခွန်စည်းမျဉ်းများ (၁၈၈၉ ခုနှစ်)
  • စွန့်ပစ်မြေများ ပေးအပ်ခြင်းအတွက် နည်းဥပဒေ (၁၈၆၁ ခုနှစ်)

ဘာသာရေးလူနည်းစုများ -

  • သံဃာအဖွဲ့အစည်းဆိုင်ရာ ဥပဒေ (၁၉၉၀ ခုနှစ်)
  • ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ချက်များကို ကာကွယ်စောင့်ရှောက်သည့်ဥပဒေ (၁၉၈၃ ခုနှစ်)
  • ဝိနည်းဓမ္မကံ အဓိကရုဏ်းမှုခင်းများ ဖြေရှင်းဆုံးဖြတ်ရေးဆိုင်ရာ ဥပဒေ (၁၉၈၀ ခုနှစ်)
  • မွတ်ဆလင် လင်မယားကွာရှင်းရေး အက်ဥပဒေ။ (၁၉၅၃ ခုနှစ်)
  • ဖာရစီ လက်ထပ်ထိမ်းမြားခြင်းနှင့် ကွာရှင်းပြတ်စဲခြင်း အက်ဥပဒေ (၁၉၃၆ ခုနှစ်)
  • ဟိန္ဒူအမွေအနှစ် (မသန်စွမ်းသူများ ရှင်းလင်းခြင်း) အက်ဥပဒေ (၁၉၂၈ ခုနှစ်)
  • Mussalman Wakf Validating Act (1924)
  • ဆစ်ခ်လူမျိုးများ လက်ထပ်ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ (၁၉၀၉ ခုနှစ်)
  • ခရစ်ယာန်ဘာသာဝင်များ ထိမ်းမြားခြင်းဆိုင်ရာ ဥပဒေ (၁၈၇၂ ခုနှစ်)
  • မြန်မာနိုင်ငံ ကွာရှင်းပြတ်စဲရေးဥပဒေ (၁၈၆၉ ခုနှစ်)
  • ဘာသာပြောင်း လက်ထပ်ခြင်းဆိုင်ရာအက်ဥပဒေ (၁၈၆၆ ခုနှစ်)
  • ဟိန္ဒူမုဆိုးမများ ပြန်လည်လက်ထပ်ထိမ်းမြားသည့် ဥပဒေ (၁၈၅၆ ခုနှစ်)
  • ဇာတ်စနစ်အရ မသန်စွမ်းသူများဖယ်ရှားသည့် အက်ဥပဒေ (၁၈၅၀ ခုနှစ်)

လူနည်းစုအချို့ သို့မဟုတ် အားလုံးအတွက် -

  • အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ (၂၀၁၄ ခုနှစ်)
  • မြန်မာနိုင်ငံတွင် နေထိုင်သူများ၏ မှတ်ပုံတင်ခြင်းဆိုင်ရာ အက်ဥပဒေ (၁၉၄၉ ခုနှစ်) နှင့် ၎င်း၏ စည်းမျဉ်းများ (၁၉၅၁)
  • မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်များ အက်ဥပဒေ (၁၉၂၃ ခုနှစ်)

မြန်မာနိုင်ငံတွင် နိုင်ငံမဲ့ပုဂ္ဂိုလ်များနှင့် SOGIE လူနည်းစုဝင်များကို အထူးဖော်ပြထားသော ဥပဒေများမှာ အလွန်နည်းလှသည်။ သို့သော် ဤလူနည်းစုဝင်များကို ပစ်မှတ်ထားသော ဥပဒေများရှိနိုင်သည်။

 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ