အခန်း (၃)

လူနည်းစုအခွင့်အရေးများနှင့် အပြည်ပြည်ဆိုင်ရာဥပဒေ

နိဒါန်း

နိုင်ငံတိုင်းတွင် ကိုယ်ပိုင်နိုင်ငံ့ဥပဒေများ ရှိကြသည်။ သို့သော် အပြည်ပြည်ဆိုင်ရာဥပဒေ ဆိုသည်မှာလည်း ရှိပါသေးသည်။ အချို့သော အပြည်ပြည်ဆိုင်ရာဥပဒေများသည် နိုင်ငံများအနေဖြင့် ထိုဥပဒေများကို လိုက်နာခြင်းရှိမရှိအပေါ် မူတည်၍ဖြစ်စေ၊ လိုက်နာပါမည်ဟု သဘောတူညီထားခြင်းရှိမရှိအပေါ် မူတည်၍ဖြစ်စေ ထိုနိုင်ငံများ၏ ဥပဒေများနှင့် တရားစီရင်ရေးစနစ်များအပေါ် သက်ရောက်နိုင်ပါသည်။ ဤအခန်းတွင် အပြည်ပြည်ဆိုင်ရာဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုထားပုံနှင့် အချို့အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လိုက်နာရန်  နိုင်ငံများမှ သဘောတူထားပုံတို့ကို လေ့လာရပါမည်။ ထို့အပြင် ဤအခန်းတွင် လူနည်းစုများအပေါ် သက်ရောက်နိုင်သော သဘောတူစာချုပ်များ၊ ကြေညာစာတမ်းများနှင့် အခြေခံမူများကို လေ့လာရမည် ဖြစ်ပါသည်။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ