အခန်း (၅)

မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှု

နိဒါန်း

တရားဝင်နိုင်ငံသားခံယူခွင့် ပေးသင့်မပေးသင့် ဆုံးဖြတ်ရန်အတွက် နိုင်ငံတစ်ခုစီတွင် ကိုယ်ပိုင်နိုင်ငံသားဥပဒေ ရှိကြသည်။ ဤအခန်းတွင် တရားဝင်နိုင်ငံသားဖြစ်မှု၊ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ တရားဝင်နိုင်ငံသားဖြစ်မှု သတ်မှတ်ပုံ၊ မြန်မာနိုင်ငံတွင် အခြေချနေထိုင်သူများအတွက် နိုင်ငံသားဖြစ်မှုအထောက်အထား၊ နေထိုင်ခွင့်အထောက်အထား၊ သက်သေခံအထောက်အထားများနှင့် သက်ဆိုင်သည့် အခြေခံမူအမျိုးမျိုးနှင့် သဘောတရားအမျိုးမျိုးတို့ကို ဖော်ပြထားပါသည်။ ထို့ပြင် မြန်မာနိုင်ငံ၏ တရားဝင်နိုင်ငံသားဖြစ်မှုဆိုင်ရာ အတားအဆီးများ၊ ယခင်ဥပဒေများတွင် တရားဝင်နိုင်ငံသားဖြစ်ခွင့်ကို သတ်မှတ်ဖော်ပြခဲ့ပုံ၊ တရားဝင်နိုင်ငံသားဖြစ်ခွင့်နှင့် နိုင်ငံမဲ့ခြင်းတို့၏ ဆက်နွယ်မှု စသည်တို့ကိုလည်း ဆန်းစစ်ထားသည်။ 

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ