၂.၈

ခွဲခြားဆက်ဆံခံရမှုများ စုဆုံကြုံတွေ့ရခြင်း

အကြိုလေ့လာချက်

ခွဲခြားဆက်ဆံခံရမှုများ စုဆုံကြုံတွေ့ရခြင်း’ ဟူသော ဝေါဟာရကို ကြားဖူးပါသလား။ ကြားဖူးပါက မည်သည့် အဓိပ္ပာယ်ကို ဖော်ညွှန်းသနည်း။

ခွဲခြားဆက်ဆံခံရမှုများ စုဆုံကြုံတွေ့ရခြင်းသည် ခွဲခြား​ဆက်ဆံခံရမှုများက မတူညီသော ပင်ကိုယ်စရိုက်လက္ခဏာများ တစ်ခုနှင့်တစ်ခု ထပ်သွားခြင်း သို့မဟုတ် စုဆုံကြုံတွေ့သွားခြင်း​အပေါ် အခြေခံထားပုံကို ဖော်ပြထားသည်။ ပါမောက္ခ Kimberle’ Crenshaw က ခွဲခြားဆက်ဆံခံရခြင်း​အမှုကိစ္စများတွင် ရှေ့နေအဖြစ် တာဝန်ထမ်းဆောင်ခဲ့စဉ် ၁၉၈၉ ခုနှစ်၌ ပထမဆုံး အသုံးပြုခဲ့သည်။ သူသည် လူနည်းစု ပင်ကိုယ်စရိုက်လက္ခဏာ အများအပြားရှိသူများအား ထိုမတူညီသော ပင်ကိုယ်စရိုက်လက္ခဏာများအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံလေ့ရှိသည်ကို သတိပြုခဲ့မိသည်။ သူသည် ထိုခွဲခြားဆက်ဆံမှုပုံစံအမျိုးမျိုးသည် တစ်ခုနှင့်တစ်ခု ပေါင်းစပ်​ထားသည်ကိုလည်း သတိပြုခဲ့မိသည် (Coaston ၂၀၁၉)။

လူတစ်ဦးရင်ဆိုင်ရသော ခွဲခြားဆက်ဆံရမှုများနှင့် အခွင့်အရေး တန်းတူမရမှုပုံစံများကို ဆန်းစစ်လေ့လာသည့်အခါ ထိုလူ၏ ပင်ကိုယ်စရိုက်လက္ခဏာများသည် တစ်ခုနှင့်တစ်ခု ဆက်စပ်မှုရှိနေခြင်းအား ထည့်သွင်းစဉ်းစားရန် အရေးပါပုံကို ခွဲခြားဆက်ဆံခံရမှုများ စုဆုံကြုံတွေ့ရခြင်းက ထင်ရှားပေါ်လွင်စေသည်။

ပြန်လည်သုံးသပ်ချက်/ဆွေးနွေးချက်

သင့်တွင်ရှိသော တစ်ခုထက်ပိုသည့် လူနည်းစုပင်ကိုယ်​စရိုက်လက္ခဏာအပေါ် အခြေခံ၍ ခွဲခြားဆက်ဆံခံရခြင်းနှင့် အခွင့်အရေးတန်းတူမရမှုများကို သင်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူး​ပါသလား။ ကြုံတွေ့ခဲ့ဖူးပါက သင့်တွင် မည်သို့သက်ရောက်မှု​ရှိခဲ့သနည်း။ သင်မည်သို့ တုံ့ပြန်ခဲ့သနည်း။ အခြားသူများက မည်သို့ပြန်လည်တုံ့ပြန်ခဲ့သနည်း။

အမျိုးသားရေးဝါဒီ

လှုပ်ရှားသွားလာနိုင်မှု

အမွေအနှစ်

ကိုလိုနီဝါဒ